အပိုင်း (၂)
မြွေအိမ်
ရေးသူ…ထက်ငြိမ်းဝေ
အမှတ် ၁၂၂၊ ဇန်နဝါရီလ၊ ၂၀၀၀ ပြည့်နှစ်
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အပိုင်း (၂)
“ရွှတ်ရွှတ်.. ဘရားသား၊ ရှိတယ် လာလာ”
ဧည်ကြိုကောင်လေး ခေါ်ရာနောက်ကို လိုက်ဝင်လာခဲသည်။ အခန်းကျယ်ကြီးထဲမှာ ခုံတန်းရှည်သုံးခု ချထားသည်။ တစ်ဖက်ခြမ်းမှာတော့ တံခါးတွေ စေ့ရုံပိတ်ထားသော အခန်ကျဉ်း လေးငါးခု ကိုတွေ့ရည်။ အခန်းကျယ်ထဲက လူတွေကို တစ်ချက်ဝေ့ကြည့်လိုက်တော့ မိန်းကလေး သုံးယောက်နှင့် ယောင်္ကျားအရွယ်စုံ ဆယ်ယောက်ခန့်။ အင်း ..မျက်နှာသိ တစ်ယောက်မှ မပါလို့ တော်ပါသေးရဲ့။
“ဘရားသား ကြိုက်ရာရွေးနော်။ အသစ်ကလေးတွေ ရောက်နေတယ်။ တိုကင် ကြိုယူထားပါလား”
“ဘယ်လောက်ပေးရမလဲ”
“သုံးရာ”
“မများဘူးလား၊ ကျတော့ သူငယ်ချင်က ပြောလိုက်တာ နှစ်ရာတဲ့”
“ဟာ ..မရတော့ဘူး ဘရားသား၊ ဈေးတက်သွားပြီး”
“ကဲ…ပေးပေး၊ တိုကင်တစ်ခု”
တိုကင် ယူပြီးမှ ရွေးချယ်ဖို့ စေ့စေစပ်စပ် ကြည်လိုက်သည်။ စိတ်ကြိုက် မတွေ့ရ။ အခန်းထဲမှ ထွက်လာသူများကို စောင့်ကြည့်ပြန်သည်။ အကြိုက် မတွေ့ပြန်။ တစ်ခုမဟုတ် တစ်ခု မယ်ခရားလေးတွေ တွေ့နေရသည်။
“ဘရားသား မြန်မြန်ရွေးနော်။ အခန်းလွတ်၇ှိနေတုန်း ဝင်ရအောင် ။ တော်ကြာ နောက်လူတွေ ရောက်လာရင် ကျပ်ကုန်မယ်”
နောက်လူတွေ။ ဧည့်သည် အသစ်တွေ ရောက်လာနိုင်သည် ။ ထိုအထဲတွင် မျက်နှာသိ ပါလာနိုင်သည်။ ပြီးတော့ သည်အထဲမှာ ထိုင်နေရတာ စိတ်မလုံ။ “ပေးပြီး ကမ်းပြီးသား စိတ်ချရတယ်” ဆိုပေမယ့် ဘာကို မှန်းမသိ သူ စိုးရိမ်နေသည်။ သည်တော့ စိတ်ကြိုက်မဟုတ်ပေမယ့် နည်းနည်း သင့်မည် ထင်တာကို မြန်မြန်ရွေးချယ် လိုက်ရသည်။
“လာ…အစ်ကို၊ ဒီအခန်းအားတယ်”
သူမ ဦးဆောင်ရာနောက်ကို လိုက်ဝင်ခဲ့သည်။
“ပေးလေ…. တိုကင်”
လက်ထဲကိုင်ထားသော တိုကင်ကို လှမ်းပေးလိုက်သည်။
“မုန့်ဖိုးပေးရမှာနော်”
“ဟာ….အဲဒီမှာ သုံးရာတန် တိုကင်ပေးပြီးပြီပဲ”
“အဲဒီအထဲက ကျွန်မတို့က ခြောက်ဆယ်ပဲ ရတာ။ အစ်ကိုတို့ သနားလို့ မုန်းဖိုးပေးမှသာ”
“အင်း ကျွန်တော်လဲ သိပ်ပါတာ မဟုတ်ဘူး။ ဒီမှာ သုံဆယ်ပဲ ကျန်တော့တယ်”
“ကဲကဲ ရှိတာသာပေး”
မကြည်မလင်နှင့် လှမ်းယူသည်။
“ကဲ.. မြန်မြန် ၊ ကြာလို့မဖြစ်ဘူး။ နောက်လူတွေ ရှိသေးတယ်”
မျက်နှာထားနှင့် အမိန့်ပေးပြန်သည်။
“ဟာ…အဲဒါကြီးက အလကားရှုပ်လိုက်တာ”
အကာအကွယ် ပစ္စည်းလေးကို အိတ်ထောင်ထဲမှ ထုတ်ယူလိုက်တော့ စိတ်မရှည်သံနှင့် ပြန်ပြောသည်။
သည်နောက်တွင်…။
မည်မည်ရရ ပြောစရာဆိုလို့ ရင်တုန်တာရယ်( ရင်ခုန်တာမဟုတ်) ထင်သလောက်လည်း မဟုတ်သဖြင့် စိတ်ထဲမကျေနပ်တာရယ်၊ လူ့အဆင့်အတန်း အရ အောက်ဆုံးမှာ ရှိနေသူက မာရေကြောရေ ဆက်ဆံတာကို ခံရတာရယ်၊ ပြီးတော့ မသတီတာရယ်။
လူတစ်ကိုယ်လုံး နုံးချိသွားသည်။ နောင်တ ရတာလိုလို၊ ဝမ်းနည်းတာလိုလို၊ ကိုယ်ကိုယ်ကိုယ် နှမြောတာလိုလို ဖြစ်လာသည်။ မသတီစိတ်က ပိုမိုတိုးလာသဖြင့် ရုတ်ချည်း ထပြီး ရေအိမ်ဆီသို့ ပြေးသည်။ ရေအထပ်ထပ် သုံးသည်။ သို့သော် မသတီစိတ်က လျော့မသွား။
အိမ်အပြင် ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ စက်ဘီးကို ဆွဲယူပြီး ခပ်သွက်သွက်လေး နင်းမိသည်။ ခေါင်းထဲမှာ သည်အိမ်နှင့် မြန်မြန်ဝေးလိုစိတ်သာ ကြီးစိုးနေသည်။
အတော်လေး ခရီးပေါက်လာတော့ စိတ်ထဲမှာ အနည်းငယ် သက်သာသလို ခံစားရသည်။ ရင်တုန်တာ နည်းနည်းပြေလာသည်။ မွန်းကျပ်သလို ဖြစ်နေတာ နည်းနည်း လျောသွားသည်။ သို့သော်…
“ဟင်”
အနံတစ်ခုကို သတိထားလိုက်မိသည်။ အပေါစား မိက်ကပ်နံ ခပ်စူးစူး။ ပြီးတော့ ဘာရယ်လို့ တိတိကျကျ မပြောနိုင်သည့် မနှစ်သက်ဖွယ် အနံတစ်ခု။
သည်လောက် ဆေးလာတာတောင် သည်အနံက ကပ်ပါလာတာ။ ဧကန္တ နှာခေါင်းဆီက ဖြစ်မည်။ လက်ကိုင်ပုဝါကို ထုတ်ယူပြီး မျက်နှာတစ်ပြင်လုံးကို သုတ်လိုက်သည်။ ပြီးတော့ လက်ကိုင်ပဝါကို လမ်းဘေးသို့ အနှမြောမရှိ လွင့်ပစ်လိုက်သည်။
အနံရတာ သက်သာသလိုလို ဖြစ်သွားသည်။ သို့သော် လုံးလုံး ပျောက်မသွား။ တစ်ချက် တစ်ချက် အနံက ဝေ့ခနဲ၊ ဝေခနဲ ဖြစ်နေသည် ထင်မိသည်။ မတက်နိုင်တော့။
အင်း..အကာအကွယ် ပစ္စည်းလေး သုံးခဲ့တော့ ရောဂါတော့ မကူးလောက်ဘူး ထင်ပါရဲ့။ ကိုးဆယ့်ငါး ရာခိုင်နှုန်းလောက်တော့ စိတ်ချရတယ် ဆိုပဲ။
ဂုဏ်သိက္ခာကိုတော့ လျှာထိုးဦးထုပ်လေးနှင့် ကာကွယ်မိသည်။ တကယ်တမ်းတော့ နှစ်ဆယ်ရာနှုန်း ပင် ကာကွယ်နိုင်မည် မထင်။ စိတ်စင်ကြယ်မှုကို တော့ လုံးဝပင် အကာအကွယ် မပေးနိုင်ခဲ။ လွန်ခဲပြီ။
စိတ်ညစ်ညစ်နှင့် အိမ်ပြန်ရောက်လာခဲသည်။ မိသားစုက ဧည်ခန်းမှာ ထိုင်ရင် တီဗွီကြည့်နေကြသည်။ အိမ်ထဲဝင်ရမှာ မဝံ့မရဲ ဖြစ်နေပြန်သည်။ ကိုယ်ဆီက အနံကို အဖေတို့၊ အမေတို့ သတိထားမိသွားမှာ စိုးရိမ်နေမိပြန်သည်။ ပြီးတော့ ဧည့်ခန်းမှာ ညီမလေးလည်း ရှိနေသည်။ ညီမလေးနှင့် မျက်လုံးချင်း မဆုံချင်။
အိမ်ဘေးက ပတ်ပြီး နောက်ဖေးပေါက်မှ ဝင်ခဲသည်။ အိမ်ထဲရောက်တော့ အဝတ်အစားတွေကို အလျင်အမြန် ချွတ်ပြိး အဝေးဆုံးသို့ လွှင်ပစ်လိုက်သည်။ ပြီးတော့ ညကြီးအချိန်မတော် ရေတဗွမ်းဗွမ်း ချိုးးကာ ဆပ်ပြာအထပ်ထပ် တိုက်နေမိသည်။
“ဟဲ့ကောင် ဘယ်လိုဖြစ်လာတာလဲ၊ ညကြီး မင်းကြီး”
“မြောင်းပုပ်ထဲ ချော်ကျလာလို့ အဖေ”
ရေချိုးပြီး အဝတ်အစား အသစ်လဲကာ ပိုစိတ်ချရအောင် ရေမွှေးနည်နည်း ဖြန်းလိုက်သည်။ ရလောက်ပီ ထင်ပါရဲ့။ ကိုယ့်ကိုယ်ကိုယ် ပြန်စူးစမ်း ကြည်လိုက်သည်။ ရေမွှေးနံ သင်းသင်းကြားမှာ မနှစ်မြို့ဖွယ် အနံက တစ်ချက် တစ်ချက် စူးထွက်လာလေသည်။ ။။။။။။။။
---------------------------------------------------- --------------------------------------------------
အား ပါး လက်တော်တော်ညောင်းသွားပီ။ ဒီဝတ္ထုလေးကို ကျတော် ရွှေအမြုတေ မဂ္ဂဇင်းမှာ ကတည်းက ဖတ်ပီးနေတာ။ နောက်ထပ်ဖက်ချင်လို့ ပြန်ရှာတော့ ဘယ်လထုတ်မှန်း မသိတော့ ထပ်မဖက်ရတော့ဘူး။ ဒါနဲ့ ဦးဝင်းငြိမ်း ရဲ့ ရွှေ ၆၀ ထွက်လာတော့ ပါလာမလားလို့ ။ စောင့်ဖက်နေမိတယ်။ ပါမလာဘူး။ ရွှေ ၆၁ ထွက်လာတော့လဲ မာမီကဝယ်တယ်။ ဒီဝတ္ထုလေး များပါလာမလားလို့ မျှော်နေမိတယ်။ ပါမလာပြန်ဘူး။ မြန်မာပြည် ပြန်တော့ ရွှေ ၆၂ ထွက်တာတွေတာနဲ့ ကျတော်ဝယ်လာမိတယ်။ အခုမှပဲ ဒီဝတ္ထုလေး ကိုပြန်ဖတ်၇တော့တယ်။ ဒါကြောင့် ကျတော်ရဲ့ ဘာမဟုတ်တဲ့ ဘလော့လေးမှာ တင်မိတယ်။ ကျတော်မှတ်မိနေတာက ဒီဝတ္ထုလေးကြောင့် အရမ်းချစ်ကြတဲ့ အယ်ဒီတာကြီးနှစ်ဦး တစ်ယောက်နဲ့ တစ်ယောက် မခေါ်မပြော ဖြစ်တာတော်တော်ကြာဆိုပဲ။ နောက်တော့မှ မင်းသမီးကြီး ဒေါ်ဝါဝါဝင်းရွှေက ပြန်ပေါင်းစည်းပေးတော့မှပဲ ကျေအေးကြသတဲ့ဗျာ….အဲ့ဒီလို အဲ့ဒီလို…(ကျတော် အမှတ်မှားနေရင်တော့ ဆောရီး)။
2 comments:
အင်း ပြီးသွားပြီလား အဆက်ရှိဦးမယ် ဆက်လုပ်ပေးလေ တန်းလန်းကြီး ရေအိမ်တော့ မပြေးတော့ဘူး ဟီးးးးး အကိုရေ ဇာတ်လမ်းကောင်းလေးပဲ ရသမြောက်တယ်ဗျာ ကြိုက်တယ်
လေးစားလျက်
တောင်ပေါ်သား
awww....awww.....
Post a Comment