Wednesday, August 26, 2009

Singapore = စင်္ကာပူ # ဆင့်ကာပူ


ပြီးခဲ့တဲ့ တစ်ပတ်က PUB Ulu-Pandan WRP ရုံးထဲသွားပြီး ပါမစ် သွားတင်တယ်။ Consultant က လူကြီးရုံးထဲ ဝင်ပြီး လက်မှတ်ထိုးနေတုန်း ကျတော်က အပြင်မှာနေခဲ့ရင်း သူတို့ Notice Board မှာ ဟိုလျှောက်ဖက် ဒီလျှောက်ဖက်ရင်း အောက်က စာလေးတွေကို တွေ့လို့ ပြန်တင်လိုက်ပါတယ်ဗျာ။ စင်္ကာပူ ဘဝ တွေထင်ဟတ်တာပေါ့။

In Singapore, the majority of us live in Highly Dangerous Buildings (HDB),And most people have already got used to Paying and Paying (PAP).Not only do you have to pay, you Pay Until Bankrupt (PUB).

When you fall sick and happen to be admitted to a Money Operating Hospital (MOH),You might be able to use your Cash Prior to Funeral (CPF) fund.If you are out of luck, you may meet doctors who Never Use Heart (NUH) to treat you,And you will be Sure to Give up Hope (SGH).

To help ease the traffic, motorists have to pay Cash On Expressway (COE).If that doesn't help, they can always Eternally Raise Prices (ERP) on the roads.If you don't own a car, you can always make a Mad Rush to the Train (MRT),OR get squashed in a bus Side By Side (SBS).
Lastly, under all these pressures, there are not many places we can relax,Not even the good old place we used to go because it has becomeSo Expensive and Nothing To See Actually (SENTOSA)!!!

HDB= Housing Development Board # Highly Dangerous Building
PAP= People's Action Party # Pay And Pay
PUB= Public Utilities Board #Pay Until Broke
CPF=Central Provident Fund Cash Prior to Funeral or Coffin Provision Fund # Cash Prior to Funeral
NUH=National University Hospital# Never Use Heart
SGH=Singapore General Hospital# Sure Giveup Hope
ERP=Electronic Road Pricing # Everytime Raise Price
MRT=Mass Rapid Transit# Mad Rush to Train
SBS=Singapore Bus Service # Side by Side
SENTOSA = So Expensive and Nothing To See Actually

(မမဝါဝါ လာရင် MRT (Mad Rush to the Train) ကြီး စီးပြီး ဈေးကြီးပြီး တကယ်ဘာမှ ကြည့်စရာမရှိတဲ့ Sentosa ကို သွားကြတာပေါ့ဗျာ။

Friday, August 21, 2009

သင်္ကြန်ပန်း

ကျတော့် နှလုံးသား ဥယျာဉ်ထဲမှာ ပွင့်လန်းခဲ့တဲ့ ပန်းကလေးတွေ တော်တော်များများ ရှိခဲ့မှာပေါ့။ တစ်ချို့ကလည်း ခဏတာ ပွင့်လန်းခဲ့တယ်။ တစ်ချို့ကလည်း သက်မှတ်ထားတဲ့ အချိန်မှာ အချိန်မှန်ပွင့်လန်းခဲ့တယ်။ (အမြဲတမ်းရင်ထဲမှာ ရှိနေတာကတော့ တစ်ပွင့်ထဲသော ပန်းလေးပေါ့…။)
အဲဒီနေ့ သင်္ကြန်မတိုင်ခင်တစ်ရက် ၁၂ရက်နေ့ပေါ့။ ကျတော်တို့ သယ်ရင်းတစ်စု သင်္ကြန်ပွဲနွှဲဖို့ တိုပါးရိုး ဘုန်းကြီးကျောင်းကို ချီတက်ခဲ့ကြတယ်။ ဘုန်းကြီးကျောင်းရဲ့ အဝင်ဘယ်ဘက်မှာက ကျတော်တို့ ရခိုင်မဏ္ဍပ်၊ ညာဘက် မှာက စတုဒီသာ မဏ္ဌာပ်တွေ အများကြီး။ ဘုရားကို ဦးချ။ အောက်ကို ပြန်ဆင်းလာတော့ ရခိုင်မဏ္ဍပ်ကနေ လွင့်လာတဲ့သီချင်းသံက

ရိုးရာပွဲဆို အမျိုးသွီးနဲ့ အားပီးရအောင်
မပျက်မကွက် ကိုယ်ရောက် အခေါက်တိုင်းပင်
ထိုင်မသိမ်းနဲ့ ရင်ယှားဆင်ထား
မမတစ်ယောက် တစ်ဖြောက်ဖြောက်ကဟန်
လက်ခုပ်သံ သြဘာမဆုံးအောင်

အိုး..ဒီသီချင်းကြားလိုက်မှ ကျတော့် ရင်ထဲကိန်းအောင်နေတဲ့ ရခိုင်စိတ်ကလေး ဘယ်လိုမှထိန်းမရခဲ့။ ညီအစ်ကိုတွေ အစ်မတွေနဲ့ တူတူကဖို့ ကျောင်းအောက်ကို အပြေးကလေး ဆင်းသွားခဲ့မိတယ်။

ဂစ်တာသမား အမျိုးသားစိတ် တရိပ်ရိပ်ဝင်
ရိုးရာက မမတို့ကျေးဇူးပင်
လေးစားလို စိတ်က ခင်မင်ချင်
မိတ်ဆက်မှ အရေးမထား ဟန်ကိုမြင်
လပြည့်တိမ်ဖုံးလား ပုံအသွင်

ကျတော်လည်း ညီအစ်ကိုတွေနဲ့ အတူကနေလိုက် ကျတော်မျက်ဝန်းထဲ သင်္ကြန်ပန်းလေး ရောက်လာတော့ ကနေတဲ့ လက်အစုံ ရပ်တန့်သွားတယ်။ အိုး..ကျတော့ရဲ့ သင်္ကြန်ပန်းကလေး ပါလား။ သူလေးဟာ မဏ္ဍပ် အပြင်မှာ သယ်ရင်းတစ်ယောက်နဲ့ အတူကနေပါလား။

ဆံပင်ကုပ်ဝဲလေးနဲ့ သင်္ကြန်ပန်းကလေး ဟာ လှပလွန်းလှတယ်။ ဘုန်းကြီးကျောင်း အဝင် ခြင်္သေ့ရုပ်ကြီးဘေးမှာ လှပစွာကနေတဲ့ သူမ။ ကျတော်ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ရေသန့်ပုလင်းလေးထဲ ရေတွေဟာ သင်္ကြန်ပန်းအပေါ် သွန်း ဖြန်းမိနေပါကလား။ ရေစိုစို သင်္ကြန်ပန်းလေးဟာ မျက်လုံးကလေး ပင့်ကြည့်ပီး ကျတော့သင်္ကြန်ရေစင်တွေကို ခံယူနေရှာတယ်လေ။

ရိုးရာက မမ
ရိုးရာက မမ
ဂစ်တာသမားအား စိမ်းကားလိုက်တေပင်
စိမ်းရေပင် တရားများပါးဖိုးကား
ရိုး….ရာကမမ
ရိုး…ရာကမမ
ဂီတ ဥယျာဉ် ပန်းမျိုးက တစ်ရာနှစ်ရာ
ရနံဖြာဖြာ ခြားနားဂတ်စော်မဆန်းပါ
ကိုင်တွယ်သုံးစွဲ တူရိယာရာ ကွဲစော်ပါ

သီချင်းသံတွေနဲ့ အတူ ကျတော်နဲ့ သင်္ကြန်ပန်းကလေး ပျော်ရွှင်စွာ ကနေမိတယ်။ အိုး..သင်္ကြန်မလေးရေ။ သူမရဲ့ နွဲနှောင်းတဲ့ အကတွေကြားထဲမှာ ကျတော် နစ်မျောနေမိပါလား။

“ဒီးးးးးးးး ဒီးးးး”
အဲဒီ အချိန်မှာပဲ ကျတော့ ဖုန်းကလေးမြည်လာတယ်ဗျာ။ သယ်ရင်းတစ်ယောက် ခေါ်တာ။ ဖုန်းပြောဖို့ သီချင်းသံတွေနဲ့ အနည်းငယ်ဝေးရာ နေရာကို လျှောက်လာခဲ့မိတယ်။ ခဏတာ သယ်ရင်းနဲ့ ဖုန်းပြောပြီး ကျတော် သင်္ကြန်ပန်းကလေး ဆီပြန်အလာ။ ဟင် ကျတော့် သင်္ကြန်ပန်းကလေး ဘယ်ရောက်သွားသလဲ။ ဟို ဟို ဒီ ဒီ အမြန်ရှာနေမိတယ်။ စတုဒီသာ မဏ္ဍပ်တွေ ဘက်များသွားသလား။ ဘုန်းကြီးကျောင်းပေါ်ပဲတက်သွားသလား။ ကျတော့် ရှေ့က ခုလေးတင်ပျောက်သွားတဲ့ သင်္ကြန်းပန်းကလေးကို အမောတကော လိုက်ရှာနေမိတယ်။ သွားပြီ..ကျတော် သင်္ကြန်ပန်းကလေး..ဘယ်မှာမှ ရှာမရတော့ပါလား။

တစ်နှစ်မှာ၊တစ်လ
တစ်လမှာ တစ်ရက်
ခက်ခဲတဲ့ ရက်ဗု…

အိုး…ကျတော့်ရဲ့ သင်္ကြန်ပန်းကလေး။ တစ်နှစ်မှာ တစ်ရက်ပဲ ပွင့်လန်းသွားပါလား။ နောက်နှစ်ခါမှာ ကျတော့် ရင်ထဲ တဖန်ပြန်လည်ကာ ပွင့်လန်းစေဖို့ မျှော်နေမိတယ် သင်္ကြန်ပန်းကလေးရေ…။




Friday, August 14, 2009

သူခိုးသတိ



အထူးသတိပေးကြေငြာချက် -


မိမိအိမ်တွင် သူခိုးကျူးကျော်ဝင်ရောက်ပါက
ယနေ့ မြန်မာပြည် အက်ဥပဒေအရ မိမိရော သူခိုးပါ ထောင်ကျနိုင်သည်

(သယ်ရင်းတစ်ယောက် ဂျီတော့ မက်စေ့မှာတွေလို့ သဘောကျပါသဖြင် တင်လိုက်ပါသည်)

Thursday, August 6, 2009

ပါးပါးနဲ့ မားမား


ပါးပါးနဲ့ မားမားက ငယ်ချစ်တွေ မဟုတ်ကြဘူး။ ပါးပါး သာမန်ယာဉ်ထိန်းရဲလေး ဘဝမှာ မားမားက ဆရာမပေါက်စ။ ယာဉ်ထိန်းရဲပေါက်စလေး ပါးပါးက ဆရာမပေါက်စလေး မာမားကို ကျောင်းဆင်းချိန် ကားတားပေးရင်းနဲ့ တွယ်တာလာတဲ့ သံယောဇဉ်။။။

မားမားက ပါးပါးလောက် မချစ်တက်ဘူး။ အခြေကြီးတယ်ပြောမလား။ ရန်ကုန်သူ မဟုတ်ပေမဲ့ ရန်ကုန်မှာကြီး ရန်ကုန်ကပဲကျောင်းပီးတဲ့ သူဆိုတော့ တနယ်သား သာမန်ယာဉ်ထိန်းရဲလေး တစ်ယောက်ကို စိတ်ကူးထဲ မထည့်ခဲ့ဘူးနဲ့တူပါတယ်။ ဒါပေမဲ့ အခြေအနေအရ မိဘရပ်ထံပြန်ပြီးနောက် ဆရာမ ဝင်လုပ်တဲ့ မားမား ကို ယာဉ်ထိန်းရဲလေးပါးပါး ဘယ်လို ကြိုးစားလိုက်တယ်မသိ။ ချစ်သွားတယ်နဲ့တူပါတယ်။


သူတို့ မင်္ဂလာဆောင်တော့ မားမားရဲ့အဒေါ်(ငယ်ငယ်လေးထဲက အမေလိုပဲတူတူနေခဲ့သူ)က မင်္ဂလာပွဲကို မတက်ရောက်ဘူး။ အမွေပြတ် စွန်လွှတ်တယ် ဘာညာမကြေငြာပေမဲ့ နောက်ပိုင်း မခေါ်တော့ သလောက်ပဲ။ နောက်ဆုံးသံယောဇဉ်အနေနဲ့ မင်္ဂလာဆောင်ရင် ပန်ဖို့ သစ်ခွပန်းတွေကို ရေခဲဘူးနဲ့ ရန်ကုန်ကနေ နောက်ဆုံးပို့ပေးခဲ့တယ် ပြောပါတယ်။ ပါးပါး မားမားတို့ မင်္ဂလာဆောင်မှာ လာရောက်တဲ့သူတွေကို ပြန်လက်ဆောင်ပေးတာက ဖန်ခွက်ထူထူလေးတွေ။ အနီရောင် အဝိုင်းလေးတွေ၊ အပြာရောင် အဝိုင်းလေးတွေ ချယ်သထားတဲ့ ဖန်ခွက်ထူထူလေးတွေကို ဆွေမျိုးတွေရှိရာ ရွာတွေဘက် အလည်သွားရင် တစ်ချို့အိမ်တွေမှာ ယနေ့ထက်တိုင် တွေရသေးသဗျ။ အိမ်မှာတော့ ၂လုံးလား ၃လုံးလားမသိ ဗီရိုဒေါင့်မှာ ရှိသေးတယ်။


ဒီလိုနဲ့ ကျတော်တို့မောင်နှမ ၃ယောက်လဲ လူလားမြောက်ကြီးပြင်းလာပြီး ပါးပါးနဲ့ မားမားကတော့ ယနေ့တိုင် ချစ်ကြဆဲပဲဗျ။ တစ်ခါတလေ စိတ်ဆိုး စိတ်ကောက် ရှိပေမဲ့ ကြီးကြီးကျယ်ကျယ် ဖြစ်တာဟာ မရှိသလောက်ပဲ။ ရှိရင်လဲ သားသမီးတွေ ကိစ္စကြောင့်ပဲ ဖြစ်တာများတယ်။ ပါးပါးက မားမားကို ထမင်းစားပီးတိုင်း ကွမ်းဝါးကျွေးတယ်။ သူစားနေကျ ကွမ်းကို ညက်အောင်ဝါးပီး အနည်းငယ်ကို မားမားကို ကျွေးလေ့ရှိသဗျ။ မားမား မအားလို့ ပါးပါးကလည်း သွားစရာရှိတဲ့ အခါမျိုးဆို ဝါးပီးသား ကွမ်းလေးကို စားပွဲခုံလေးပေါ်တင်ပီး ထားခဲ့သဗျ။ များသော အားဖြင့်တော့ ပါးပါးကိုယ်တိုင် ခွံကျွေးတာများပါတယ်။

ပါးပါးကော မားမားကော စာအရမ်းဖတ်ပါတယ်။ ကျတော်တို့ ပါးပါး၊ မားမားက စာအုပ်ဝယ်မယ်ဆို ဘယ်တော့မှ ပိုက်ဆံကုန်တယ် ဘာညာ တားလေ့မရှိဘူး။

ညဖက် ညဖက် ဆို ပါးပါး အိပ်တော့မယ်ဆို သူဖတ်နေကျ ဘောလုံးဂျာနယ်တွေ၊ နောက် ကျတော်တို့ ဝယ်တဲ့ ဂျာနယ်တွေအားလုံးကို ယူပီး အိပ်ခန်းထဲဝင်တော့တာပဲ။ ဂျာနယ် တစ်မျက်နှာ နှစ်မျက်လောက်ပဲ ဖတ်ရသေးတယ် အိပ်ပျော်သွားကော။ ဒါကြောင့် မာမီက ပါးပါးကို စတယ် “စာပေ၌ မွေ့ပျော်သူကြီး” တဲ့။ ပါးပါးက သူကိုစမှန်းသိတယ်။ ဒါပေမဲ့ အမြဲတမ်းလိုလို အိပ်တော့မယ်ဆိုရင် ဂျာနယ်တွေ စာအုပ်တွေ တစ်ထပ်ကြီးကို ယူပီး အိမ်ခန်းထဲ ကို စပ်ဖြီးဖြီးနဲ့ ဝင်ကာ အရှက်ပြေ “စာအိပ်တော့မယ်” လို့ပြောတက်တယ်။

ကျတော်က ဆရာမ ခင်ခင်းထူး စာတွေကို ကြိုက်တယ်။ ဟို အစောပိုင်းတုန်းက ဆရာမ စာတွေကို ဖတ်တော့ ဖတ်မိတယ်။ သိပ်သတိမထားမိဘူး။ ရွှေအမြုတေ မှာ ဆရာမရဲ့ အခန်းဆက် ဝတ္ထု အညာသူ အညာသား ကျွန်မတို့ ဆွေမျိုးများမှာ ထူးထူးခြားခြား မှတ်မိသွားတယ်။ အဲဒီအထဲက မှတ်မှတ်ရရ အဖြစ်ဆုံးကတော့တော့ နှလုံရောဂါ ဖြစ်လို့ နတ်သွားမေးတာ နတ်ကတော်က ဘာပြောလဲဆိုတော့ “မြင်းဖြူရှင် ခွာရှပ်တာတဲ့လေ” ။ အဲ့ဒီ အချိန်က မာမီလဲ နှလုံးခန ခန အောင့်တာ တင်းကျပ်ပီး ဖြစ်နေတော့ မာမီကို စကြတယ်လေ “မြင်းဖြူရှင် ခွာရှပ်တယ်ပေါ့”..။ မာမီကို ပထမဆုံ အဲဒီလို “မြင်းဖြူရှင် ခွာရှပ်တယ်”လို့ စတာက ပါးပါး ပါ။ ပါးပါး ကလည်း ဆရာမ ခင်ခင်းထူ စာတွေကို ကြိုက်လို့ ဖတ်တယ်လေ။


အဲဒီလိုပဲ ကျတော့်ပါးပါးနဲ့ မားမားတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် စလိုက်နောက်လိုက် နဲ့ဗျ။ ပါးနဲ့ မားကို အလွမ်းပြေရေလိုက်တာပါ။


(ပါးပါး၊ မားမားလို့ ခေါ်လို့ ပုလုကွေး တရုတ်မဟုတ်ပါ။ ပါးပါးက ရခိုင်၊ မာမီက ဗမာ..။ ရခိုင်လို အဖေကို ပါကြီးလို့ ခေါ်ပါတယ်။ ပါကြီးလို့ခေါ်နေရာကနေ နောက်ပိုင်း ပါးပါးလို့ဖြစ်သွားသဗျ၊ အမေကိုကတော့ ငယ်ငယ်လေးထဲက မာမီလို့ခေါ်ပါတယ်ဗျာ)

Sunday, August 2, 2009

နှောင်းနွေ ဆုံမှတ်

ဘယ်သူမှလဲ မဖိတ်၊ ဘယ်သူနဲ့မှလဲ မသိ၊ သွားမယ်လို့လဲ အစီအစဉ်မချထားပေမဲ့ ရောက်ဖြစ်သွားပါတယ်။ နှောင်းနွေဆုံမှတ် လို့ အမည်ပေးထားတဲ့ sp သင်္ကြန်ပွဲကိုပါ။





























သူတို့တွေ ဒီလို ဓါတ်ပုံစုရိုက်ကြတော့လဲ ကျောင်းတော်ကြီးကို သတိရနေမိတယ်။




ကြေငြာထားတဲ့ စတင်ချိန်ထက် ၁နာရီကျော်နောက်ကျပေမဲ့ ဖြေဖျော်တင်ဆက်မှုလေးတွေက ကျတော့ရဲ့ ညစ်နေတဲ့ စိတ်ကို ပြန်လည်ကြည်နူးစေပါတယ်။




ပွဲချိန်မှာ ဓါတ်ပုံမရိုက်ဖို့ ပြောထားပေမဲ့ တန်ဆောင်မုန်းနက္ခတ်သမားမို့ ရသလောက်တော့ ရိုက်ခဲ့ပါသေးတယ်။



ဒါက ဘရိတ်တိုင်း မှာ snack စားပီး နားနေချိန်မှာ ကျတော် တွေရာမြင်ရာကို ရိုက်ထားတာဗျ။ တိုက်ပုံဖြူဖြူ၊ပိုးပုဆိုး.ရွှေအိုရောင်ဆံပင်နဲ့ မြန်မာ ညီငယ်လေးတွေကို လဲတွေ့ရသဗျ။ အပြင်မှာဆို ရွှေစစ် မစစ် ခွဲလို့ လုံးဝမရလောက်နိုင်အောင် လန်တဲ့ ညီမငယ်လေးတွေကိုတော့ ငေးမောကြည့်ရတာလဲအမောရယ်။

နားချိန်ပီးတော့ နှစ်ပါသွားပါ ။ ကျတော်လဲ ချိန်းထားတာရှိနေတာကြောင့် နှစ်ပါးသွား တစ်ဝက်ပဲကြည့်ပီးပြန်ခဲ့ရတယ်။ ထောပတ်ထမင်းနဲ့ ကြက်သားဟင်းလဲ လွတ်သွားသဗျ။ ဒီပွဲမှာနေတုန်း ကျတော့ အသက် တစ်ဝက်လောက်ငယ်သွားတယ်လို့ ထင်ရပေမဲ့ ပွဲလဲပီးကော ငါအသက်တော်တော်ကြီးနေပါပကောလားလို့ သံဝေဂရသွားသဗျ။။။။