Friday, November 27, 2009

ပြန်လာခဲ့ပါ ....

ကျတော့ အနားမှာ မရှိတာ ဒီနေ့ဆို တစ်ပတ်ကျော်လာခဲ့ပြီလေ။ သူကတော့ ဟိုမှာပျော်နေမှာပေါ့။ ကျတော်သာ သူမရှိလို့ ရင်ထဲမှာ ဟာတာတာလေ။

ကျတော့်ရဲ့ ခြေလှမ်းတွေဟာ သူနဲ့ အတူစားနေကျ ထမင်းဆိုင်လေးကို ဦးတည်လာခဲ့မိတယ်။ ကျတော်တစ်ယောက်ထဲပေါ့။ ရင်ထဲမှာ ဘာလိုနေလဲ။ တစ်ခုခုပေါ့။

အရင်ကဆို သူနဲ့ ကျတော်တူတူလျှောက်ခဲ့တဲ့ ဒီလမ်းလေးတွေလေ။ များသေားအားဖြင့် ကျတော်သူကို အမ်အာရ်တီမှာစောင့်နေတယ်။ ဖတ်ချင်တဲ့ စာအုပ်တစ်ခုခုကို ဖတ်ရင်းပေါ့။ အခုတော့ သူကိုစောင့်စရာမလိုပဲ တစ်ကိုယ်ထဲ လျှောက်နေမိတယ်။

လူရှုပ်ရှုပ် food court တွေကိုကျော်လာရင် မီးပွိုင်လေးနားက လူကူးမျဉ်းကျားကနေ လမ်းကလေးကို ဖြတ်လိုက်တာနဲ့ ကုက္ကိုလ်ပင်ရိပ်တွေအောက်က သူနဲ့ ကျတော် စားနေကျနေရာလေးကို ရောက်မယ်။ ဆိုင်လေးကို ကျတော်ရောသူရော နှစ်သက်မိတာက လူမရှုပ်တာက တစ်ကြောင်း ပြီးတော့ ထိုင်စရာထိုင်ခုံလေးတွေဟာ မြန်မာပြည်က ထိုင်ခုံလေးတွေလို ဖြစ်နေတာကတစ်ကြောင်းပေါ့။ ဆိုင်ရှေ့ဘက်က ထောင့်ကျကျနေရာလေ ဟာ သူရယ် ကျတော်ရယ် ထိုင်နေကျနေရာလေးလေ။

ဆိုင်ထဲမှာ တရုတ်၊မြန်မာ၊ မလေး စားစရာတွေရှိပေမဲ့ ကျတော်တို့စားနေကျကတော့ မြန်မာဆိုင်လေးပေါ့။ သဘောကောင်းတဲ့ အစ်ကိုကြီးထည့်ပေးလေ့ရှိတဲ့ ထမင်းနဲ့ ဟင်းကိုယူ ထိုင်နေကျနေရာလေးမှထိုင်ကာ သူရယ်ကျတော်ရယ် မျက်နှာချင်းဆိုင်ကာ စားတယ်။ သူက ဟင်းတစ်ချို့ကို ကျတော်ကို ထည့်ပေး ကျတော်ကလည်း ဟင်းတွေ ပြန်ထည့်ပေးရင်း နှစ်ယောက်သား စကားတပြောပြော စားလေရှိတယ်။ တစ်ခါတလေ ကျတော်စားနေတဲ့ ဒီမြန်မာဆိုင်လေးက ဟင်းတွေ အကြောင်းလည်း ပါတာပေါ့။ ဟင်းချက်ထားတဲ့ လက်ရာဟာ ဆိုင်ထမင်းဟင်း ပုံစံမပေါက်ပဲ အိမ်ဟင်း အိမ်ထမင်းဟင်း ပုံစံလေးဆိုတော့ အမေ့လက်ရာ အလွမ်းပြေလေ။ “အသီးအရွက် ဟင်းနည်းတယ်နော်”လို့ ကျတော်က ပြောရင် သူက ”ဟုတ်တယ် .. အသီးအရွက်ဟင်း ဒီထက်ပိုများရင်ကောင်းမယ်” လို့ သူကပြန်ပြောလေ့ရှိတယ်။

ဒီဆိုင်လေးရဲ့ ရှေ့ထိုင်နေကျထိုင်ခုံလေးမှာ သူက သူအိမ်က မိသားစုအကြောင်း ဆွေမျိုးတွေအကြောင်းကို အေးအေးဆေးဆေးပြောကာ ရင်ဖွင်လေ့ရှိသလို ကျတော်ကလည်း ကျတော့် အလုပ်အကိုင် အကြောင်းကို ပြောဆို ငြင်းခုန်လေ့ရှိတယ်။ တစ်ခါတလေ အဲဒီမြန်မာဆိုင်လေးက ချက်တဲ့ အုန်းနို့ခေါက်ဆွဲကို လူမျိုးခြားတွေ စားကာ အားပေးနေတော့ ကျတော်က ”သူတို့တွေ သွေးတက်နေလို့ ဟုတ်ပေ့ဖြစ်နေဦးမယ်“ လို့ပြောပီး ရီနေခဲ့မိတယ်ဗျာ...

အခုတော့ သူမပါပဲကျတော် တစ်ယောက်ထဲ ငေါင်းစင်းစင်းနေနဲ့ ထမင်းစားနေမိတယ်လေ။ စားပီးတော့ တစ်ယောက်ထဲပဲ “အောင် မြန်မာ ထမင်းဆိုင် blk 431 .#01-296 clementi ave 3”ကနေ တစ်ကိုယ်ထဲ ထွက်ခွါနေမိလာတော့တယ်။ ကျတော် စိတ်ထဲပြောနေမိတာကတော့ အမြန်ပြန်လာခဲ့ပါ တော့ဗျာ........


8 comments:

Rita said...

ဘယ်သူလဲ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောပါ။

ဖိုးသင်္ကြန် said...

အဲဒါ ဘူလေးရဲ...

မင်းအိမ်ဖြူ said...

ကျွန်တော်လည်း ၂ ခါ စားဖူးတယ် ၊၊ နည်းနည်းလေးနဲ့ ကောင်းပါတယ် ၊၊ ပြန်လာမှာပါ ၊၊ မြန်မြန်ပြန်လာပါစေလို့ ဆုတောင်းပေးပါတယ် ၊၊ ဘယ်သူလဲတော့သိဘူး ဟဲဟဲ ဒီလိုပဲ ရောပြီး ယောင်သွားတယ်

အဆင်ပြေပါစေ

မင်းအိမ်ဖြူ

reenoemann said...

စိတ်ဝင်းစားသွားတယ်ဗျို့

ခင်တဲ့ ရီနိုမာန်

နွေးနေခြည် said...

ဟိုတခါ ၂ယောက်တည်း ထမင်းလာစားတာတွေ့တယ်နော် ....

ကိုပုလုနဲ့ ကိုတောင်ငူနဲး)

သက်ဝေ said...

တညိုးပါလား ကိုပုလုရဲ့... :-P

သီဟသစ် said...

အင်း ဒီလူပျိုကြီးတော့ ဟိုလူပျိုကြီးနဲ့ တူလာပြီ

:)

Anonymous said...

la fotografía de Niza

buy sony vita