အရင်ကဆို သူနဲ့ ကျတော်တူတူလျှောက်ခဲ့တဲ့ ဒီလမ်းလေးတွေလေ။ များသေားအားဖြင့် ကျတော်သူကို အမ်အာရ်တီမှာစောင့်နေတယ်။ ဖတ်ချင်တဲ့ စာအုပ်တစ်ခုခုကို ဖတ်ရင်းပေါ့။ အခုတော့ သူကိုစောင့်စရာမလိုပဲ တစ်ကိုယ်ထဲ လျှောက်နေမိတယ်။
လူရှုပ်ရှုပ် food court တွေကိုကျော်လာရင် မီးပွိုင်လေးနားက လူကူးမျဉ်းကျားကနေ လမ်းကလေးကို ဖြတ်လိုက်တာနဲ့ ကုက္ကိုလ်ပင်ရိပ်တွေအောက်က သူနဲ့ ကျတော် စားနေကျနေရာလေးကို ရောက်မယ်။ ဆိုင်လေးကို ကျတော်ရောသူရော နှစ်သက်မိတာက လူမရှုပ်တာက တစ်ကြောင်း ပြီးတော့ ထိုင်စရာထိုင်ခုံလေးတွေဟာ မြန်မာပြည်က ထိုင်ခုံလေးတွေလို ဖြစ်နေတာကတစ်ကြောင်းပေါ့။ ဆိုင်ရှေ့ဘက်က ထောင့်ကျကျနေရာလေ ဟာ သူရယ် ကျတော်ရယ် ထိုင်နေကျနေရာလေးလေ။
ဆိုင်ထဲမှာ တရုတ်၊မြန်မာ၊ မလေး စားစရာတွေရှိပေမဲ့ ကျတော်တို့စားနေကျကတော့ မြန်မာဆိုင်လေးပေါ့။ သဘောကောင်းတဲ့ အစ်ကိုကြီးထည့်ပေးလေ့ရှိတဲ့ ထမင်းနဲ့ ဟင်းကိုယူ ထိုင်နေကျနေရာလေးမှထိုင်ကာ သူရယ်ကျတော်ရယ် မျက်နှာချင်းဆိုင်ကာ စားတယ်။ သူက ဟင်းတစ်ချို့ကို ကျတော်ကို ထည့်ပေး ကျတော်ကလည်း ဟင်းတွေ ပြန်ထည့်ပေးရင်း နှစ်ယောက်သား စကားတပြောပြော စားလေရှိတယ်။ တစ်ခါတလေ ကျတော်စားနေတဲ့ ဒီမြန်မာဆိုင်လေးက ဟင်းတွေ အကြောင်းလည်း ပါတာပေါ့။ ဟင်းချက်ထားတဲ့ လက်ရာဟာ ဆိုင်ထမင်းဟင်း ပုံစံမပေါက်ပဲ အိမ်ဟင်း အိမ်ထမင်းဟင်း ပုံစံလေးဆိုတော့ အမေ့လက်ရာ အလွမ်းပြေလေ။ “အသီးအရွက် ဟင်းနည်းတယ်နော်”လို့ ကျတော်က ပြောရင် သူက ”ဟုတ်တယ် .. အသီးအရွက်ဟင်း ဒီထက်ပိုများရင်ကောင်းမယ်” လို့ သူကပြန်ပြောလေ့ရှိတယ်။



သူမရဲ့ ကိုယ်ပွားလေး