Thursday, May 28, 2009

နစ်နိမ်း

“သားကြီး ..” ......“ဗျာ”
“သားကြီး...”......“ဗျာာာာ”
“သားကြီး...ကြီး ...” “ခင်ဗျား....ညာ ညာ”
.

နောက်ဆုံးတော့ ကျတော် မျက်နှာချိုလေးနဲ့ ခင်ဗျာ လို့ ထူးလိုက်ရတယ်ခင်ဗျ။ မထူးလို့လဲ မရဘူးလေ။ ကျောင်းဆရာမ မာမီက ဘယ်လောက်လက်သံပြောင်တယ် ဆိုတာ ကျတော်တို့ အသိဆုံး။ အိမ်မှာ ကျတော် က အလတ်ပါ။ ကျတော့ထက် အကြီး ဘယ်သူက ခေါ်ခေါ် “ခင်ဗျား”လို့ထူးရတယ်ခင်ဗျ။ မထူးလို့ကတော့ နာပီသာမှတ်။ “သားကြီး” ဆိုတာကတော့ ကျတော့ ပါးပါး၊မားမား၊ မကြီးနဲ့ ရင်နှီးသူ တော်တော်များများ ခေါ်တဲ့နာမည်ပါ။
.
မာမီကတော့ ကျတော့ကို တက္ကသိုလ် မတက်ခင်အထိ “သားကြီး”လို့ခေါ်တယ်ခင်ဗျာ။ နောက်ပိုင်းတော့ “ဦးတော်တော်”လို့ပြောင်းခေါ်တယ်။ ဘာလို့လဲဆို ကျောက်တော်ကြီး ဘုရားရဲ့ ကျောက်တုံးတော် ဒါယကာ “ဦးတော်တော်”ရဲ့နာမည်ကို သဘောကျလို့နဲ့တူတယ်။
.
နောက်ပိုင်းကျတော့ ကျတော့ ကို “ဦးလေး”တဲ့။ ဘာလို့ဆို ကျတော်က မာမီကို ဆရာလုပ်လွန်းလို့။ အိမ်မှာနေလဲ အမြဲတမ်း ဆရာလုပ် ပူပန်နေတယ်။ ရန်ကုန်မှာနေတုန်းကလည်း ဖုန်းတစ်လုံးနဲ့ ဆေးသောက်ချိန်ဆို မာမီ ဆေးသောက်ပီးပီလား။ ရေချိုးချိန် ဆိုရင်လဲ ရေမချိုးပဲနဲ့ ထမိန်ရင်လျားကြီးနဲ့ ခြံက အပင်တွေကို ပြုစုနေမှာ၊ ခေါင်းလျှော်တာ ကြာမှာကအစ၊ ကိုယ်ဖာသာ ကိုယ် ခေါင်းငုံ့ပီး ခြေသည်းဆိုး နေမှာအဆုံး အမြဲတမ်း စိတ်ပူပီး မေးနေတော့ မာမီက သူ့ကို ဆရာလုပ်တယ်ဆိုပီး ကျတော့ကို ဦးလေးလို့ ခေါ်တယ်။ အခုထိလဲ တစ်ခါတလေ ဖုန်းထဲကနေ “ဦးလေးလို့” ခေါ်တုန်းပဲဗျ။
.
နောက် ကျတော့သယ်ရင်းတစ်ချို့က ကျတော့နာမည် အရင်းရဲ့နောက်ဆုံးစလုံး (မျိုးရိုးနာမည်)ကို ခေါ်တယ်။ “ဖြူ”
“ဖြူလေး”
“ဖြူမ”
“မိဖြူ”
လို့ခေါ်တယ်။ ကျတော်တို့မောင်နှသုံးယောက် စလုံးရဲ့ နာမည်တွေက ဖြူ နဲ့ဆုံးတယ်လေ။ အငယ်ဆုံးညီလေးကို သာ ဖြူလို့ မခေါ်တာ။ ကျတော်နဲ့ မကြီး နဲ့ကို သယ်ရင်းတွေ က ဖြူလို့ခေါ်တယ်။ ဒါကြောင့် အိမ်ကို ဖုန်းလာရင် “ဖြူ”နဲ့စကားပြောချင်လို့ဆိုရင် အိမ်က လူတွေက ဘယ်ဖြူနဲ့ပြောမှာလဲလို့မေးရတယ်။
.
နောက် ဘလော့လုပ်တော့ အများစုက ပုလုကွေးလို့ ခေါ်ပါတယ်။ တစ်ချို့ကတော့ ပုလု တဲ့။ ပုလုလေး တဲ့။ ကွတ်ကြီးဆိုတာတော့ ခေါ်တာနဲပါတယ်။ မခေါ်ရဲလို့နဲ့တူပါတယ်။ (ကွတ်ကြီး အကြောင်းမသိသေးရင် ဒီမှာဖတ်ပါနော်)။ အသက်လို့ ကျတော်ခေါ်တဲ့ သက်ပိုင်သူကတော့ ကိုကိုဂွေးတဲ့ဗျ။ ဟား ဟား။ နောက် လူသိပ်မသိတဲ့နာမည်တစ်ခု။ အဲဒါကတော့ တစ်ချို့ပဲသိပါတယ်လေ။
.
အချစ်ဆုံးသူမ (သယ်ရင်းနော် တလွဲမတွေးပါနဲ့) ကတော့ ကျတော့ နာမည်အရင်းကို သာခေါ်တယ်။ ဘယ်လိုမှ ရင်ခုန်စရာ မကောင်းဘူး။ ပြောတော့လဲ “နင်” နဲ့ “ငါ”။ ကျတော်ကလဲ သူမကို သူမ နာမည်အရင်းသာ ခေါ်ပါတယ်။ ဘာဘာညာညာတွေ ခေါ်ပါဘူး။
.
ကဲ ဘာနာမည်ကျန်သေးလဲ။ မကျန်တော့ သလောက်ပါပဲ။ ကဲ အသက်ရေ ကျေနပ်တော့နော်။ အခု အလုပ်ထဲကနေ ပို့စ်ရေးနေတာ။ မန်နေဂျာ ခိုင်းထားတဲ့ အလုပ် မပြီးလို့ အလုပ်ဖြူတ်လိုက်ရင် အသက်ပဲ ခေါ်ကျွေးထားရမယ်..ဟဲဟဲ။ ဘယ်သူ့ကို မှလဲ လက်မလွှဲတော့ဘူး ။ အာလုံးလဲ ကုန်သလောက်ရှိပီ။

Monday, May 25, 2009

နိုင်ငံခြားပြန်တစ်ယောက်ရဲ့ ငြီးချင်းလား ???

(photo: by google, ပုံထဲက အိတ်တွေက ပိန်နေတယ် ကျတော့တုန်းက ဖားပြုပ်တွေလို ဖောင်းကားနေ၏)
နိုင်ငံခြားပြန်တစ်ယောက်ရဲ့ ငြီးချင်းလား ကြွားချင်းလားမသိ????


နိုင်ငံခြားပြန်လို့ ဆိုနိုင်မလား။ စင်္ကာပူဆိုတာ အခုချိန်မှာတော့ မြန်မာနိုင်ငံသားတွေ အတွက်တော့ အိမ်ဦးနဲ့ ကြမ်းပြင်လိုပါပဲ။ သွားလိုက် လာလိုက်နဲ့ ။ (တစ်နှစ်တစ်ခါ ခွင့်ပြန်တာ အမိမြေချစ်တဲ့ သားတို့မီးတို့…ရန်ကုန်လေဆိပ်ကြီး စည်ကားနေ သူတောင်းစားတွေ ဒုနဲ့ဒေး….အော်မှားကုန်ပါပီး စွယ်တော်ရိပ် သံချပ်တွေနဲ့)

စလုံးရောက်စ ပုလုကွေးရဲ့ နေ့ရက်တွေ ဟာ မျက်ရည်တွေနဲ့ ပြည့်နေခဲ့တယ်ဆိုမလားပဲ။ ယောင်္ကျားလေးတန်မဲ့ မျက်ရည်ကျသလားဆိုတော့ ဟုတ်ကဲ့ ကျပါတယ်..မားမား၊ ပါးပါးကို လွမ်းတာကိုး..အိမ်နဲ့လဲ အကြာကြီးမှမခွဲဘူးတာ။ ဖုန်းပြောပီး ငိုငိုခဲ့တာက ၂ ကြိမ်လား မသိ။ ပီးတော့ အလုပ်မလုပ်ဘူးတော့ အလုပ်ရဲ့ ပရက်ရှာတွေလေ။ နောက်ပိုင်းတော့လဲ နေသားကျသွားတာပေါ့လေ။

ပုလုကွေး အတွက်တော့ ကံကောင်းတာက စလုံးရောက်စမှာ နေစရာအိမ်အတွက်မပူရ၊ အခန်းခလဲမပေးရ။ အားလုံးကို အချစ်ဆုံးသယ်ရင်းက စီစဉ်ပေးထားတယ်လေ။ ပီးတော့ စလုံးက ယာဉ်တွေ စီးဖို့အတွက် Ez link ကဒ်က အစ၊ ဖုန်းကဒ်အဆုံး သူပဲစီစဉ်ပေးထားတာ။ ဘယ်သူလဲသိလား၊ တစ်အိမ်ထဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် သယ်ရင်းကြီးပေါ့။

ပုလုကွေး စလုံးလာ အလုပ်လုပ်မယ်ဆိုတော့ တစ်ချို့သောသယ်ရင်းတွေက အံသြကြတယ်။ ဘာရူးတာလဲပေါ့။ မိဘအလုပ်ကို မလုပ်ပဲ ဘာလို့များ သူများအလုပ်ကို လုပ်ချင်ရတာလဲပေါ့။ ပုလုကွေးမိဘတွေကလဲ သဘောတူတယ် လာဖို့ကိုလေ။ အိမ်က အဓိက စီးပွားရေလုပ်ငန်းကို ပါးကြီးက ဦးစီးနိုင်သေးတယ်။ ပုလုကွေးကလဲ အိမ်က အလုပ်ကို သိပ်စိတ်မဝင်စားပါဘူး။ ဒါနဲ့ပဲ စလုံးမှာ အောက်အီးသီးခံပီးနေခဲ့ရတာပေါ့။

ဒီလိုနဲ့ စလုံးရောက် ပီး ၁၁လနဲ့ ခုနစ်ရက်မှာ ပြည်တော်ပြန်ခဲ့တယ်။ ပြည်တော်ပြန်တို့ရဲ့ထုံးစအတိုင်း ပထမဆုံးဆက်ကြေးပေး ..အဲမှားလို့ အခွန်ဆောင်ရတာပေါ့။ အခွန်ဆောင်ရတာက spass သမားတွေထုံးစံ ၈၀ ဆိုပေမဲ့ ၆၀လောက် ၇၀လောက်ရလဲ နဲလားဆိုပီး အန်တီဖက်တီးကြီးကို ငိုပြရတာပေါ့။ နောက်ဆုံးတော့ ၇၀နဲ့ဈေးတည့်သွားတာပေါ့လေ။

ကဲဝယ်ဖို့ချမ်းဖို့ကိစ္စ။ လူတကာက နိုင်ငံဂျားပြန်ဆိုရင် အထင်ကြီးပီး ဟိုလက်ဆောင် ဒီလက်ဆောင်မျှော်တက်ကြတာ ထုံးစံရယ်။ ပုလုကွေးလည်း ဝယ်ဖို့ ချမ်းဖို့ ပြင်ရတာအမောရယ်။ ပါးပါးမားမား ဖို့က တစ်မျိုး။ တစ်ဦးတည်းသော အမအတွက်ကတစ်မျိုး။ နောက် အိမ်နီးချင်းတွေ ဆွေမျိုးမကင်းတွေ အတွက်က တစ်ဖုံဝယ်ရတာ ဖတ်ဖတ်ကိုမောနေတာပဲ။ ကို့ပိုက်ပိုက်နဲ့လဲ ကိုယ်ချိန်နေရသေးတာကိုး…။

မားမားကြိုက်တဲ့ ပင်နဆိုးနစ် ထမင်းပေါင်းအိုးရှာ၇တာက တစ်ဒုက္ခ။ ပီးတော့ ဂျပန် ခွက်ကလေးတွေ အစုံဝယ်ရတာကတစ်မျိုး။ မားမားနဲ့ မကြီးအတွက် လက်ကိုင်အိတ် ဝယ်ရတာကတစ်ဖုံ။ ယောင်္ကျားလေးတန်မဲ့ ဗိုက်ဖုံးအင်္ကျီ ရှာရတာက လဲ တစ်ဒုက်ခရယ်။ စလုံးမတွေ ဝတ်တဲ့ အင်္ကျီ ရှည်ရှည်ကို မကြီးက ဗိုက်ဖုံးအင်္ကျီပုံစံမျိုး ဝတ်ချင်သပ ဆိုလို့ Esprit သွားပီး မျက်နှာပူပူနဲ့ ဝင်မွှေရတာတဲ့ အကြိမ်လဲမနည်းဖူးဗျ။(စိတ်မကောင်းစရာက ကျတော့တူလေးလား တူမလေးလားမသိတဲ့ သူကလေးဟာ လူ့လောကထဲကို ရောက်ရှိမလာခဲ့ဖူး)

နောက်ပီး မာမီအတွက် ခြံပုဝါလေးတွေ ဝယ်ရတာကလည်း မသေးဘူးခင်ဗျ။ (ဒါတောင်မားမားက အနီရောင်နဲ့ အညိုရောင်မပါသေးဘူးတဲ့ …ခုနှစ်ထည်လောက်ကို သူတစ်ဦးထဲ မောင်ပိုင်စီး သွားတယ်လေ..) ကျတော့ဆရာမအတွက်တောင် တစ်ထည် မနည်းပြောယူထားရတာ…ဟိဟိ သိရင်စိတ်ဆိုးမှာ…)။


နောက်ပီး အိမ်က ဒရိုင်ဘာတွေ စပယ်ယာတွေ အတွက်။ ဘာဝယ်၇မလဲ.ဈေးလဲသက်သက်သာနဲ့ နောက်ဆုံးတော့ ဘလန်နို ရှပ်တွေကို ၁၀ထည်လောက်ဆွဲသွားရတယ်ခင်ဗျား။ ဒါတောင် မရတဲ့သူက သားကြီး ဘယ်မှာလဲ လက်ဆောင်ဆိုတော့ ဟီး ဟီး ဆိုပီး သွားဖြဲပြ၇တယ်။ စလုံးက လူရဲ့ဒုက်ခ ကို သူတို့မသိဘူး။

နောက်ဆွေမျိုးမကင်းတစ်ကင်းတွေ အတွက် ရေမွှေး..မူစတာဖာသွားပီး revelon ရေမွှေး ၁၅ ပုလင်းလောက်ကိုလဲ ထိုးသိပ်ခဲ့ရသေးသဗျ။

အိမ်က ခိုင်းတဲ့ကောင်မလေးတွေ ကောင်လေးတွေ အတွက်ကတော့ လက်ပတ်နာရီတစ်လုံးစီ ကို မြန်မာပြည်က မာမီကို ကြိုတင်အချိန်းအချက်လုပ်ပီး ဝယ်ခိုင်းထားရတယ်။ စလုံးမှာက ဈေးကြီးတယ်လေ။ ဟိုရောက်တော့ စလုံးက ဝယ်လာသလိုလိုနဲ့ ညာတာပါတေးပေါ။ အဲဒါကလဲ တစ်ဒုက္ခ။

နောက်ပီး ကျတော့တို့ ငယ်ငယ်ကတည်း အိမ်မှာ အမြဲလာကူပေးနေတဲ့ ဒရိုင်ဘာမိန်းမအတွက်၊ သူ့ သားနဲ့သမီးအတွက် အင်္ကျီ ..ဒါကိုလဲမာမီကို ပဲ အပူကပ်ပီး တိုးတိုးတိတ်တိတ် မြန်မာပြည်က ပဲကြိုဝယ်ခိုင်းထား၇သေးသဗျ။ သူတို့အတွက်ကလဲ မပါလို့ မဖြစ်ဘူးလေ။ သူတို့က ကျတော်ပြန်လာပီဆို သီမ်းစရာတွေ ဘာတွေကို ဒိုင်ခံသိမ်းပေး၊ စားစရာတွေကို ဒိုင်ခံကြော်လှော်ပေးနေကျ။ အိမ်က အောက်ခြေသိမ်းကို သူတို့ပဲလုပ်ပေးနေတာ။ ပဲခူးစိန်ဟင်းက ပစ္စည်းတွေ ဟာ စလုံးဖြစ် ဖြစ်လိုဖြစ်ပေါ့ဗျာ။

အော်ပြောဖို့မေ့နေတာ။ အချစ်ဆုံးသူမ(သယ်ရင်းနော် တလွဲမတွေကြနဲ့) အတွက် လက်ဆောင်။ သူမဖို့ ရေမွှေး ကောင်းကောင်းလေးရယ်။ ကျတော်ကော သူမကော ကြိုက်တဲ့ အစိမ်းရောင်..ပိုက်ဆံအိတ်..နောက်ပိး နောက်ပိး…သူမအတွက် လက်ဆောင်တွေပေါ့။ ဒါကတော့ ဒုက္ခမဟုတ်…သုခဗျ (ဘယ်သူလဲဆိုတာ မပြောနဲ့နော် တက်ထားတဲ့ မမရေ)။

သယ်ရင်းအထီးတွေအတွက် esprit၊ G2000, girodano နဲ့ hang ten အမျိုးမျိုးပေါ့။ သယ်ရင်းမတွေ အတွက် ပိုက်ဆံအိတ် အသေးလေးတွေ။
နောက် မချစ် တချစ်တွေ အတွက်ကော လက်ဆောင်တွေပေါ့။ ဘယ်သူတွေလဲ မမေးနဲ့ ပြောဘူး အသေသတ်။

ကဲဝယ်စရာတွေ ဝယ်တာစုံတော့ ပြည်တော်ပြန်ဖို့လေဆိပ်ကို ဆင်းပေါ့။ baggage က အသေးတစ်လုံး အကြီးတစ်လုံး။ ကျောပိုးအိတ်ရယ်၊ လက်ကဆွဲတာ တစ်ထုတ်ပေါ့။ ဟီး ဟီး ။ baggage အကြီး က ကီလို ၃၀ ကွတ်တိ။ အသေးက ၁၀ကီလိုကျော်နေတော့ ဆောင်ပေအုံးတော့ ဒေါ်လာ ၂၀ ။ ပလုံ ပလုံ။ လေဆိပ်ဆင်းတာက တစ်ယောက်ထဲ။ သောကြာနေဆိုတော့ ဘယ်သူမှမလိုက်ပို့နိုင်။ တစ်ယောက်ထဲ ဒုက်ခတွေနဲ့ပေါ့။ gate pass ဖြတ်တော့ အခုပဲထည့်ထားလိုက်တဲ့ လက်မှတ် ဘယ်ရောက်သွားလဲ။ ရှာပေအုံးတော့ တစ်ယောက်ထဲ။ လူက ထူပီး ဘာမှမမြင်တော့ဘူး။ နောက်မှတွေတော့ အထဲဝင်။

မြန်မာပြည်ဝင်တော့ လက်ကျန်ခြင်္သေ့ ၃ကောင်ညှပ်ပေးတာတောင် သူများတွေက စလုံးပေးတယ်တဲ့။ ညီက ခြင်္သေ့တွေတဲ့ အစ်ကိုတို့ ကို စေတနာမရှိဘူးလားတဲ့။ ပုလုကွေး ဘီလိုပြောရမလဲဟင်။ အိတ်ထဲမှာ ကျန်တာဆိုလို့ စလုံးငွေ ၃၀ကျော် ၄၀နီးပါးရယ်။ ဘီလိုမှ မပြောတော့ပဲ မကြားချင်ယောင်ဆောင်နေလိုက်တယ်။ ဘဏ်ကဒ်ထဲမှာကလည်း သယ်ရင်းကြီး ဆီက ချေးလာတဲ့ စလုံး ၅၀၀မှာ ၂၀၀ကျော်ကျန်တာရယ်။

ဒီလိုနဲ့ Baggage ကိုရွေး။ အကောက်အခွန်ကို ဖြတ်။ မားမားရဲ့ ကြိုဆို အနမ်းတွေကိုခံယူရင်း အမိမြေကို နိုင်ငံဂျားပြန်တစ်ယောက် ခြေချခဲ့တယ်။ အမိမြေမှာ သုံးစရာဆိုလို့ ခြူးတစ်ပြားမှ မရှိ။ ဒီတော့လဲ ပါးကြီးဆီက ပေးတဲ့ မုန်းဖိုး ၂သိန်းခွဲ။ မားမီပေးတဲ့ ၁သိန်းခွဲ၊ မကြီးပေးတဲ့ မုန့်ဖိုး ၁သိန်းနဲ့ သယ်ရင်းတွေကို ဟိုဟာဝယ်ကျွေး၊ ဒီမှာဧည့်ခံ သုံးဖြုန်းခဲ့ရတာပေါ့။ ကျတော် လစဉ်လွှဲထားတဲ့ ပိုက်ပိုက်ကတော့ အလျော့ခံလို့ ဖြစ်မလားဗျ။ မိန်းမယူဖို့ စုထားတာ၊ တိုးပွားအောင် အတိုးပေးထားတာကိုး ..ဟိဟိ။(နောက်တာနော် အတည်ပြောတာ)

(ငြီးချင်းကလဲ အကြွားပို့စ် ဖြစ်သွားရင်လဲ ခံရုံမှတစ်ပါးအခြားမရှိ။ ကျတော့ မှာ ငြီးစရာဆိုလို့ ဒါပဲရှိတာ။ အရင်းနှီးဆုံးသယ်ရင်းတွေပြောပြောနေတဲ့ ဟန်းဖုန်း ခုနှစ်လုံး၊ ဆယ်ဘီးကားလေးစီးကလဲ ကျတော်ပိုင်တာမဟုတ်ပါကြောင်း(ဆိုင်သာဆိုင် မပိုင်ပါ)။ ပို့စ်ဖက်ပီး သိပ်အထင်မကြီးပါနဲ့ခင်ဗျား ပုလုကွေးတို့အိမ်ကရန်ကုန်ကနေ မိုင်၆၀ သုံးဖာလုံတိတိ မှာရှိ့ပီး ရွာမှာနေတဲ့ ရွာသားတစ်ယောက်ပါ)
မမဝါဝါ ရဲ့ တက်စ်ပို့စ်လေးကို အဆုံးသတ်ရင်း ဆက်တက်မှာက တက်စ်ပို့ဆို ရေးလေ့မရှိတဲ့ တောင်ငူသား၊ နောက်ပီး ကျတော့ကို နာမည်ဖျတ်ပီး ကိုကိုးဂွေးလို့ခေါ်တဲ့ အသက်လေး ။ နှစ်ကျောင်းအတူဆင်း သယ်ရင်းကြီး july…ဒါဆိုတော်လောက်ပါပီထင်ပါတယ်)

Tuesday, May 19, 2009

ဘာစားမလဲ ...ရှမ်းစာ စားမလား...

phyu22: ဟေ စနေနေ့က ဘယ်သွားနေလဲ

puluque: အွန် ..ဘယ်မှမသွားပါဘူး၊ ရုံးကိုလေ။

phyu22: ဟုတ်လို့လား။

puluque:ဟုတ်ပါတယ် ဘာလို့လဲ

phyu22: စီတီးဟော မှာတွေ့တယ်နော်

puluque: အွန်..ဘယ်အချိန်လဲ။

phyu22: ပြောဖူး သတ်..ဘာသွားလုပ်တာလဲ

puluque: ဘယ်အချိန်လဲ ပြောမှ အမှန်ပြောလို့ရမှာ ၂ခါတောင်လေ။ နေလည် ၃ နာရီ ရုံးကဆင်းပီး မန်းမန်းသွားစားတာ။ ညနေက ညီတစ်ယောက်နဲ့ ခနသွားတာ။

phyu22: မန်းမန်းက ဘယ်မှာစား…

puluque: လွိုင်နိုင်းမှာ

phyu22: လွိုင်နိုင်း ?

puluque: သိဘူးလား ဆိုင်အသစ်လေ ဖွင့်တာတောင် နည်းနည်းကြာပီး ရှမ်း အစားအစားတွေရတယ်

phyu22: သိသေးဘူး..ဘယ်နားမှာလဲ

puluque: Rolex နာရီဆိုင်မျက်စောင်းထိုးမှာ၊ မြေညီထပ်မှာပဲ…ပုံပို့လိုက်မယ် ကြည့် ရိုက်ခဲ့တာ



phyu22: ဘာအစား အစာတွေရလဲ ကောင်းလား

puluque: ရှမ်းခေါက်ဆွဲ၊ တို့ဖူးနွေး..ကောင်းတယ် ရှယ်ပဲ နောက်ပီး ရှမ်းထမင်းချဉ်…စားချင်သွားအောင် ပုံပါ ပြမယ်


phyu22:မိုက်တယ်နော်…

puluque:ရက်စ်..နောက်ပီး ငါးပေါင်း…စားမလား..ရော့



phyu22: သွားရည်တောင်ကျလာပီ


puluque: နောက်နေ့သွားစားပေါ့


phyu22:အင်း


puluque:ဆိုင် အတွင်းပိုင်း အပြင်အဆင်ကလဲ မိုက်တယ်နော် သွားကြည့်လိုက်


phyu22: ဟုတ်လား


puluque: ဟုတ်တယ် နာမည်ကြီး အာခီတက်ချာ ကိုယ်တိုင် ပြင်ဆင်ထားတယ်ဆိုပဲဗျ..


phyu22: ဟုတ်လား စိတ်တောင်ဝင်စားသွားပီ


puluque:နောက်ရှိသေးတယ် ..စားဖို့ ဝက်သားချဉ်တဲ့ ။ စားဖူးလား။


phyu22:နိုး။


puluque:မစားဖူး၇င် ပုံအရင်ကြည့် ရိုက်ခဲ့တာ…


phyu22: ဂွတ်တယ်နော်။။


puluque:ဟုတ်တယ်


phyu22:နင် ရိုက်ခဲ့တာတွေက နင်စားခဲ့တာတွေပေါ့


puluque: အင်းပေါ့


phyu22: အကုန်စားခဲ့တယ်..?


puluque: ဒီလိုပဲပေါ့ ဟ ဟ။သွားစားကြည့်လိုက်နော်


phyu22: အင်းပါ ဒီပိတ်ရက် သွားမယ်……


puluque: အိုကေပါ …c u..

(ရှမ်းခေါက်ဆွဲ . တို့ဖူးနွေး နဲ့ ဝက်ခေါင်းသုပ်ပုံတွေကိုတော့ တင်ပေးတော့ဘူးနော်.. ..)

Friday, May 15, 2009

အချစ်ပန်း သုံးပွင့်




ပထမ အချစ်မှာ
ကျဆုံးတော့
ဒုတိယ အချစ်မှာ
နံလံထူဖို့ ကြိုးစားခဲ့တယ်။

နလံထူဖို့ ကြိုးစားနေဆဲ
ခြေထိုးခံတဲ့ သူကြောင့်
ဒုတိယ အချစ်မှာ
ငါဟာ ပြိုလဲခဲ့တယ်။

ပြိုလဲခဲ့တဲ့ ငါအချစ်နံရံကို
ထူမတ်နိုင်ဖို့ တတိယ အချစ်ကို
လက်တွဲဖို့ ကြိုးစားခဲ့တယ်..

ကမ်းလင့်ဖို့ ကြိုးစားနေတဲ့
ငါ့လက်တွေဟာ လမ်းတစ်ဝက်မှာပျောက်ဆုံးခဲ့တယ်
သူ့ရဲ့လက်ဟာ တစ်ပါးသူနဲ့
ယှဉ်တွဲခဲ့တာ အချိန်သုံးနှစ်
ကြာမြင့်ပီတဲ့။

အိုမေမေ…
သားဘာဆက်လုပ်ရမလဲ
အချစ်ဆိုတာ သကြားအုပ်ထားတဲ့
ဗီတာမင်ဆေးလိုပါပဲလား
အပြင်းပန်းက ချိုသာပေမဲ့
တကယ်တမ်းတော့ ခါးသက်လွန်းလှတယ်လေ၊
အိုမေမေ
ကျတော်လေ တစ်ကိုယ်ထဲ
ရွက်လွှင့်ဆဲပေါ့….။

(ဆယ်နှစ်ကြာအောင် ပျိုးခဲ့ရတဲ့ ခါးသက်လှတဲ့ အချစ်ပန်းသုံးပွင့်ကို ကဗျာတစ်ပုဒ် အနေနဲ့ သီးကုံးလိုက်ပါတယ်။ အဲ..ဒါဟာ ကဗျာလို့ မဆိုနိုင်ဘူးထင်တယ်နော်။ စာစုလေးတွေပေါ့ဗျာ...)




------------
ပုလုကွေး
------------

Sunday, May 10, 2009

စိတ်အမှိုက်ပုံး (မေမေ့ရဲ့ စကားလက်ဆောင်)

ကျတော် စလုံးရောက်စက စိတ်တော်တော်ညစ်တယ်ဗျ။ အလုပ်မလုပ်ဖူးတဲ့ အတွက်အလုပ်ရဲ့ ဒဏ်၊ နောက်ဘာသာစကား အခတ်အခဲ(သူတို့ စင်းဂလစ် ကို ကိုယ်မှနားမလည်တာ)..အဲဒီလို စိတ်ညစ်ရင် မျက်နှာကြီးကို ဆူပုတ်နေတာပဲ။ စိတ်ညစ်လာရင် မာမီဆီ ဖုန်းဆက်။ ပြောပြပေါ့။
.
မာမီကကျတော့်ကို အမြဲဆုံးမတာက “စိတ်ကို အမှိုက်ပုံးလို မကျင့်နဲ့တဲ” ..ဟုတ်တယ်ဗျ. အမှိုက်ပုံးဆိုရင် လူတွေက အမှိုက်ပဲ လာပြစ်ကြမှာလေ။ ဘယ်သူက အကောင်းလာပြစ်မှာလဲ။ စိတ်ကိုလဲ အမှိုက်ပုံးလို ကျင့်ရင် အမှိုက်တွေပဲ လာရောက်တော့မပေါ့။ အကောင်းတွေ လာရောက်တော့မှာမဟုတ်ဘူး။ အဲဒီတော့ စိတ်ဟာ ရှုပ်သထက် ရှုပ်သွားပီး နောက်ကျိကာ အတွေးကောင်းတွေ ဝင်လာတော့မှာမဟုတ်တော့ဘူး။
.
အခုနောက်ပိုင်းတော့ ကျတော် စိတ်ကို မညစ်အောင်တက်နိုင်သမျှ ထားတယ်။ ကျတော် စိတ်ရှုပ်လာရင် စိတ်ညစ်စ၇ာ ကြုံလာတဲ့ အခါ ဘာလုပ်သလဲသိလား။ ကျတော် သီချင်းတွေ အော်ဆိုတက်တယ်။ နည်းနည်းစိတ်ညစ်စရာ ကြုံလာတဲ့အခါ သီချင်းတွေ အော်ဆိုလိုက်တယ်။
.
မားမားကတော့ သူလဲတစ်ခါတစ်ခါ စိတ်ရှုပ် စိတ်ညစ်ပါတယ်တဲ့။ မားမား စိတ်ညစ်တဲ့အခါ စိတ်မကြည်တဲ့ အခါ ဘာလုပ်လဲဆိုတော့ ဘုရားစာတွေ၊ ဂုဏ်တော်တွေ၊ ပရိတ်တွေကို အသံထွက်ပီး ရွက်ဖတ်ပါသတဲ့ဗျား….
.
အဲဒီတော့ ခင်ဗျားတို့လည်း စိတ်ကို အမှိုက်ပုံးလို မကျင့်ပဲ နေကြရအောင်လားဗျား။ စိတ်ညစ်တဲ့ အခါ၊ စိတ်ရှုတ်နေတဲ့အခါ ကျတော့်လို သီချင်းဆိုချင်ဆို ဒါမှမဟုတ် မာမီလို့ ဘုရားစာတွေ အသံထွက်ရွက်ပီး စိတ်လေးကို ဖြူစင်အောင် ထားနိုင်ကြပါစေ။
.
(မှတ်ချက်။ စိတ်ကို အမှိုက်ပုံးလို မထားနဲ့ ဆိုတဲ့ စကားလုံးလေးဟာ ဆရာမကြီးဒေါ်ခင်စောတင့် ရေးတဲ့  စာအုပ်လေးထဲက စကားလုံးလေးတွေဖြစ်ပါတယ်)

Tuesday, May 5, 2009

YTU 2004 batch gathering and my May day

ဒီအပတ် ပိတ်ရက် ၃ ရက်ဆက်တိုက်မှာ ပုလုကွေး တစ်ယောက် လုပ်စရာတွေ တော်တော်များခဲ့တယ်လေ။


ကြာသပတေးနေ့က ည ၂ နာရီလောက်မှ အိပ်ပျော်တယ်လေ။ မနက်ဆိုရင် လုပ်စရာတွေ ရှိတာမို့ အိပ်ပေမဲ့လဲ စိတ်ကပူနေလို့ အိပ်မပျော်ဘူး။ အဲဒီမေဒေးလ်နေ့်ဟာ ကျတော့ ပါကြီး (ဖေဖေ)ရဲ့ ၅၉ နှစ်မြောက်မွေးနေလေ။ ပါးပါးအတွက် မွေးနေ့ဆုတောင်းစကားကို မနက်စောစော ပြောဖို့ သတိထားနေမိတယ်။ စလုံးအချိန် ၈နာရီခွဲလောက်(မြန်မာအချိန် ၇နာရီလောက်)ရောက်တော့ ရွာကို ဖုန်းခေါ်ပီး ပါးပါးကို မွေးနေဆုတောင်း လုပ်လိုက်တယ်လေ။ ပါးပါးနဲ့ မားမားကတော့ အိပ်ရာက မထသေးဘူး။ (ဟီး ဟီး ကျတော်တို့ အိမ်က မနက်ဖက်ဆို အိပ်ရာထအမြဲနောက်ကျတယ်)။ ကျတော်ဖုန်းဆက်တော့ ပါးပါးက အိပ်ချင်မူးတူးနဲ့ ဖုန်းကိုင်တယ်။ ကျတော်တို့ မောင်နှမ သုံးယောက်နဲ့ယောက်ဖက ပါးပါး၊ မားမားတို့နဲ့ အဝေးကို ရောက်နေကြတာလေ။ ပါးပါးကို မွေးနေဆုတောင်း စကားပြောပီးတော့ မားမားနဲ့ ဖုန်းဆက်ပြောဖြစ်တယ်။

မားမားနဲ့ ဖုန်းပြောပီးနောက်မှာ မြန်မာပြည်ကို ဖုန်းထပ်ခေါ်ရမယ်လေ။ ကျတော့ အစ်ကိုကြီးတစ်ယောက်လို ခင်တဲ့ သူငယ်ချင်း အစ်ကိုကြီးတို့ရဲ့ သမီးလေး မွေးနေ့ကလဲ ဒီနေ့ မေဒေးနေ့မှာပဲ။ သူတို့ဆီကိုဖုန်းခေါ် စကားနဲနဲပြောလိုက်တယ်။

နောက်ထပ် လုပ်စရာတစ်ခုက စင်္ကာပူမှာ အတူနေ တစ်ကျောင်းထဲသယ်ရင်း လင်းမယားရဲ့ ၂ နှစ်မြောက်မင်္ဂလာ နေ့လေ။ သူတို့ကို မင်္ဂလာ ဆုတောင်းစကား မက်ဆေ့ပို့ပီးတော့ ပြန်အိပ်ရင်ကောင်းမလား စဉ်းစားမိတယ်။
.
ဒါပေမဲ့ တစ်ယောက်သောသူက သူ့ချစ်ချစ်နဲ့ ဒီနေ့မှာ ဘုရားဖူး ခရီးထွက်မှာမို့ သူဆီကို ပျော်ရွှင်ဖွယ် ခရီးဖြစ်ပါစေကြောင်း ဆုတောင်း မက်ဆေ့စ်ပို့ရအုံးမယ်လေ။
.
အဲဒီလိုနဲ့ ကျတော့ ရဲ့မေဒေးနေ့ မနက်ခင်းတစ်ခုဟာ ကုန်ဆုံးခဲ့တယ်။ညနေခင်းရောက်တော့ ကျတော်… YTU 2004 batch (YTU ရဲ့နောက်ဆုံးမျိုးဆက်) တွေရဲ့ Gathering Party ရှိရာ East Coast ကို ချီတက်ခဲ့တယ်လေ။ ဟိုရောက်တော့ သယ်ရင်းတစ်ချို့ရောက်နေကြပီ။
အဲဒီမှာ သယ်ရင်းတွေ တစ်ယောက်နဲ့တစ်ယောက် စနောက်ကြ၊ အကင်တွေ ကင်ကြ၊ အအေးတွေသောက်ကြနဲ့ ပျော်စရာ ညနေချမ်းလေးကို ဖြတ်သန်းဖြစ်ခဲ့တယ်။ နောက်တော့ မေဂျာအစုံပါတာမို့ တစ်ယောက်နဲ့ တယောက် ပိုမိုရင်းနှီးအောင် မိတ်ဆက်ကြ၊ အကင်တွေစားကြနဲ့ ပျော်ပျော်ပါးပါးရှိခဲ့ ကြပါတယ်။ တစ်ဝက်လောက် စားသောက်ပီးတော့ ဂိမ်းကစားဖို့ အတွက်ကမ်းခြေဘက် ထွက်ခဲ့တယ်။ ကမ်းခြေရောက်တော့ ချက်ချင်း ဂိမ်းမကစားနိုင်ပဲ ဓါတ်ပုံတွေ ရိုက်ကြတယ်။ အားလုံးစုပီးတော့ကော အဖွဲလိုက်ကော ရိုက်နေကြတာ အများကြီးပဲ။ နောက်တော့ ဂိမ်းကစားကြတယ်။ ဂိမ်းကြီးလေးမျိုး ကစားဖို့အားလုံးအဖွဲတွေ ခွဲပီး ကစားကြတယ်ဗျာ။
.
ကစားတာတွေက တော်တော်ပျော်ဖို့ကောင်းပါတယ်။ ကျတော်က ဂိမ်း ၂ မျိုးပဲ ကစားရသေးတယ်။ သယ်ရင်းလင်းမယားက ဘူကစ်စ် မှာ Steam Boatစားဖို့လှမ်းခေါ်နေပီ။ ဒါနဲ့ပဲ ကျတော်တို့ သယ်ရင်းလေးယောက် ကျန်ခဲ့တဲ့သယ်ရင်းတွေကို နှုတ်ဆက်ပီး ဘူကစ်စ်ကို တက်စ်စီနဲ့ အမြန်ချီတက်ကြတယ်။ ဟိုရောက်တော့ ကျတော်တို့ က ဗိုက်တင်းနေပီမို့ Steam Boat မစားတော့ပဲ သူတို့ရဲ့ စားအပြီးကို စောင့်ပီး Clark Quay ကို ဆက်လှမ်းခဲ့ကြတယ်။ Clark Quay ရဲ့မြောင်းနံဘေးမှာ သယ်ရင်းတွေ စုထိုင်ပီး ဘီယာစုပ်ကာ မစီးရဲတဲ့ Gmax ကို ငေးရင်း အေးချမ်းတဲ့ ညလေးကို ဖြတ်သန်းခဲ့တယ်…

အောက်က youtube video လေးကတော့ ကျတော့ဖုန်းအစုပ်လေး (nokia 5800) ရိုက်ထားတဲ့ ပုံလေးတွေကို video ပြန်ပြောင်းထားတာပါ။ သူများတွေကိုသာ ဓါတ်ပုံရိုက်နေတာ ကျတော့ပုံက အဖွဲ့တွေထဲမှာ မပါဘူးဖြစ်နေတယ်။ ဒါနဲ့ပဲ တစ်ယောက်ထဲ ရိုက်ခဲ့တဲ့ ပြူးတူးပြဲတဲ ပုံတစ်ပုံကို အမှတ်တရအနေနဲဖြတ်ညှပ်ကပ်တင်လိုက်ပါတယ်။ YTU ကျောင်းသီချင်လေး လိုချင်ရင် ယူနိုင်ဖို့ပါ။
အမှတ်တရ May Day နေ့လေးပေါ့ဗျာ….