ပူလောင်တဲ့ နွေည တစ်ခုမှ ရေးခဲ့မိတဲ့ ကွန်မက် comment တစ်ခုက အစပြုခဲ့တယ်ပေါ့။ ဒိတ်တင်းဆိုဒ်တစ်ခုရဲ့ သူစာမျက်နှာအောက်က ပုံလေးမှာ ချခဲ့မိတဲ့ ကျွန်တော်ရဲ့ ကွန်မက်လေးနောက်ကနေ လိုက်လာခဲ့တဲ့ သူရဲ့ အစပျိုးစကားတွေလေ။ အဲဒီညမှာ ကောင်ကင်မှာ နေမင်းကြီးမလင်းတော့ပေမဲ့ ကျွန်တော်တို့ နေ့ နဲ့ ည တွေမှားခဲ့တယ် ဆိုမလားဟင်။ သူနဲ့ ကျတော်ရဲ့ ချက်တင်တွေဟာ ပြောမဆုံးနိုင်နဲ့ ပျော်မြူးနေခဲ့မိတယ်လေ။ သူဟာ စကားပြောကောင်းသူ တစ်ယောက်လား ကျတော်ကပဲ စကားပြောကောင်းသူတစ်ယောက်လား။ ဘာပဲပြောပြော သူနဲ့ ကျွန်တော်ရဲ့ gtalk ထဲမှာ စကားလုံးတွေဟာ မြူးတူးနေတယ် ဆိုတာကတော့ Larry Page နဲ့ Sergey Brin တို့တောင် သိလိုက်မယ် မထင်ဘူး။
နောက်တစ်ပတ် ရုံးပိတ်ရက်စနေနေ့မှာ သူကို ကျတော်နေတဲ့ အခန်းလေးဆီ အလည်လာဖို့ ဖိတ်ခေါ်လိုက်မိတယ်။ အဲဒီစနေနေ့ မနက်စောစောဟာ အနည်းငယ်ပူလောင်နေပေမဲ့ ကျတော်ရင်ထဲက နှလုံးသားလေးဟာ ဆူပွတ်နေတယ်ဆိုတာ တက်မက်ခြင်းဆိုတဲ့ အပူငွေ့တွေကြောင့်လား။ သူကိုသွားကြိုတဲ့ MRT Station လေးရောက်တော့ သူရဲ့ ချစ်စရာမျက်ဝန်းလေးမှာ စူးစမ်းမှုအပြည့်နဲ့ပေါ့။ “ကျတော် ဒီဘက်ကို အခုမှ ပထမဆုံးရောက်ဖူးတာဗျ“လို့ ပြောခဲ့တဲ့ သူနှုတ်ခမ်းလေးဟာ ရဲရဲနီနေတာဟာ ဘာကြောင့်ပါလဲ။ ချိုသက်ခြင်း ခါးသီးခြင်း ကြမ်းတမ်းခြင်း နူးညံခြင်းတွေ အပြည့်နဲ့ သူဟာ ကျတော်ရဲ့ အခန်းကျဉ်းလေးထဲမှာ ညနေအထိ သာမန် မိတ်ဆွေတွေ အနေနဲ့ အတူရှိနေတယ်။ သူကော ကျွန်တော်ကော “ဂျူးရဲ့ အမှတ်တရ” ဝထ္တုအကြောင်းကို စကားမစခဲ့မိဘူး။ နောက်ပိုင်းမှ သိရတာက သူဟာ ဂျူးခရေစီတစ်ယောက် ဖြစ်တယ်ဆိုတာကိုပေါ့..။
ညနေခင်းသူ ပြန်မယ်ဆိုတော့ လမ်းမီးတွေလင်းနေပီလေ။ သူအပြန်ကို ကျတော် MRT station အထိ မလိုက်ပို့ခဲ့ပေမဲ့ သူဆီက မက်စေ့လေ့တစ်စောင်ဟာ လေလှိုင်းကြားက တဆင့်ကျတော် ဖုန်းကလေးထဲကို ဝင်ရောက်လာခဲ့တယ်။ “အစ်ကို့ကို ချစ်တယ်” တဲ့။ ကျတော်ပျော်ရမှာလား ဝမ်းနည်းရမှာလား။ လိုချင်တာ တစ်ခုကို ရမိတဲ့ သူအတွက် ပျော်စရာကောင်းပေမဲ့ အဲ့ဒီပျော်ရွှင်မှုတွေဟာ ထာဝရမတည်မြဲမှာကို ကျတော်တွေးကြောက်နေမိတယ်။
ညစဉ်ညတိုင်း gtalk ချက်တင်တွေထဲမှာ ကျတော်ကော သူကော ညဘက်အချိန်အတော်ကြာကြာ အထိရှိနေခဲ့တယ်။ သူအများဆုံးကျတော့်ကို ပြောတာကတော့ “ကို့ ကို ကျွန်တော် ချစ်တယ်” ဆိုတဲ့ စကားလေးတွေပဲ။ သူကို ပြန်ချစ်သင့်သလား။ အချစ်တစ်ခုဟာ လွယ်လွယ်နဲ့ ဖြစ်တည်နိုင်သလား။ သူ ကျွန်တော်ကို ချစ်တာ ခနတာလား။ ထာဝရလား။ ကျွန်တော်တို့ ဘဝတွေရဲ ချစ်ခြင်းဟာ ကြာရှည် မတည်မြဲဘူးဆိုပေမဲ့ ခနတာနဲ့တော့ ပြတ်တောက်သွားမှာကို မလိုလားဘူးလေ။ သူကတော့ ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ ဓါတ်ပြားဟောင်းလေးကို ဖွင်လျှက်ပေါ့။
သူနဲ့ ကျွန်တော် နောက်တစ်ကြိမ် ဆုံကြတာကတော့ Starbuck ကော်ဖီဆိုင်လေးမှာပေါ့။ ညနေခင်းရဲ့ရွှေညိုရောင် ကောင်ကင်ကြီးကို မော့ကြည့်ရင်း ကော်ဖီခွက်လေးကိုသောက်ကာ “အစ်ကိုတိုက်တဲ့ ကော်ဖီခွက်လေးမှာ ချစ်ခြင်းတွေပါတယ်ဗျနော်”တဲ့။ အဲဒီလောက်တောင်ပဲလား ကလေးရေ။ merlion နားက starbuck ကော်ဖီဆိုင်လေးမှာ သူအတွက် လိုချင်တဲ့ အဖြေကို ကျတော်ဟာ တော်တော်ကြီး စဉ်းစားပီးမှ ပေးခဲ့တယ်။ ”ခနတာ အတွက်မဟုတ်ဘူးနော်၊ တစ်ဘဝစာ အတွက်ပါလို့” ပြောခဲ့တဲ့ ကျတော်စကားကို Merlion ကြီးကြားလောက်မယ်ထင်ပါတယ်။ အဲဒီညက ကောင်ကင်းကြီးမှာ ကြယ်တွေလင်းလက်နေသလား ဆိုတာ ကျတော်မသိခဲ့ပေမဲ့ ကျတော် အခန်းကျဉ်းလေးထဲမှာ ကြယ်လေးတစ်ပွင့် လင်းလက်ခဲ့တယ်။
နောက်ပိုင်းရက်တွေမှာ သူရဲ့ အလုပ်ချိန်ဇယားအရ ပိတ်ရက်တွေမှာပါ အလုပ်လုပ်ရတာမို့ သူနဲ့ ကျတော်တွေ့ဆုံချိန်တွေ အနည်းငယ်ကျဲပါးခဲ့တယ်။
မေလရဲ့ နွေနှောင်းရက်တစ်ခုမှာ ကျတော်အလွတ်ရနေတဲ့ နံပါတ်တစ်ခုကို နှိပ်ကာ သူ့အသံကို နားစွင့်နေခဲ့မိတယ်။ ကျတော်ပြန်ကြားမိတာကတော့ ကျတော်မယဉ်ပါတဲ့ သူတစ်ယောက်ရဲ့အသံပဲ။ အဲဒီအသံပိုင်ရှင် ကျွန်တော်ဘယ်သူလဲတဲ့။ ဟင်...။ ကျွန်တော်ကလည်း ခင်ဗျား ဘယ်သူလဲ်. ကျွန်တော်ရဲ့ ကြယ်ပွင့်လေးကောလို့ ဆက်တိုက်မေးလိုက်မိတယ်။ အသံရှင်က ကြယ်ပွင့်လေးရဲ သူငယ်ချင်းပါတဲ့။ ဒါဆို ကျွန်တော်ကို ဘယ်သူလဲလေး ဘာကြောင့်မေးတော့ သူက ကြယ်ပွင့်လေးနဲ့ ရိုးရိုးသားသား သူငယ်ချင်းပါတဲ့ဗျာ။ ဒါပေမဲ့ကျွန်တော့ ဒေါသတွေဟာ ကမ္ဘာတစ်ဖက်စွန်ရောက်နေပီမို့ ကျတော်သူကို ဘာတွေပြောခဲ့သလဲ ဆိုတာတောင် မမှတ်မိတော့သလောက်ပဲ။
ညဘက်ရောက်တော့ ကြယ်ပွင့်လေးဆီက ဖုန်းဝင်လာတယ်။ မနက်ဖြန် National library နားမှာ တွေမယ်တဲ့။ National Library ဘေးနားမှာ ကျွန်တော်ဟာ အချိန်အတော်ကြာထိအောင် သူကို စောင့်နေခဲ့မိတယ်။ အသံတိတ်ဆိတ်နေတဲ့ ကျတော်ရဲ့ ဖုန်းလေးကို ပဲ အခါခါကြည့်နေခဲ့မိတယ်လေ။ ဖုန်းလာနိုး လာနိုးမျှော်နေမိပေမဲ့ တိတ်ဆိတ်နေတဲ့ ဖုန်းလေးကိုပဲ ကျွန်တော်ဟာ မျှော်လင့်ချက်မဲ့စွာ ငေးမောနေမိတယ်လေ။ နောက်မှသိရတာက သူဟာသူ့ သူငယ်ချင်းအိမ်မှာ အိပ်ပျော်သွားလို့ပါတဲ့။
အဲဒီနေ့ကစပီး ကျွန်တော်ရဲ့ ဖုန်းကလေး အသံတိတ်နေခဲ့တာဟာ ရက်တွေကြာခဲ့ပီပေါ့။ ခနတာ ချစ်ခဲတာမဟုတ် တစ်ဘဝစာ ရင်းပြီးချစ်ခဲ့သူမို့ သူပြန်လာမဲ့ရက်ကို မျှော်နေမိတာက ကိုယ်အပြစ် မဟုတ်လောက်ပါဘူးနော်။
Sunday, April 25, 2010
နွေတညအစ
Posted by puluque at Sunday, April 25, 2010
Labels: အက်ဆေး
Subscribe to:
Post Comments (Atom)
2 comments:
ရွာသားလေး ဝိုင်တီယူ ရဲ့ ပို့စ်ကြီးပဲ
http://ywartharlay-ytu.blogspot.com/2009/08/blog-post_08.html
免費視訊,愛的蔓延,
情趣用品,性感睡衣,丁字褲,
飛機杯,自慰套,自慰器,
電動按摩棒,按摩棒,跳蛋,
NPG,TENGA,充氣娃娃,
角色扮演服,威而柔,情趣,
Post a Comment